Tuesday, March 8, 2016

ကွန်ပျူတာအခြေခံ သင်ခန်းစာများ

Online ပညာဒါနအစီအစဉ်ရဲ့ ပထမဦးဆုံးသင်ခန်းစာအနေနဲ့ Computer အခြေခံသင်ခန်းစာများကို တင်ပေးသွားမှာဖြစ်ပါတယ်။ သင်တန်းမှာသင်ထားတဲ့ အသံ File တွေကို နေ့စဉ်တင်ပေးသွားမှာပါ။ သင်ရိုးစာအုပ်ကိုလဲ Free အနေနဲ့ တင်ပေးထားပါတယ်။ လေ့လာသူတို့ဟာ တင်ပေးထားတဲ့ PDF ဖိုင်ကိုဖွင့် Computer ရှေ့မှာထိုင်ပြီး အသံ File ကိုနားထောင်ရင်း အတန်းထဲမှာသင်ရတဲ့ပုံစံမျိုး လေ့လာကြရမှာပဲဖြစ်ပါတယ်။ ယခုတင်ပေးထားတဲ့ သင်ခန်းစာများကို လွတ်လပ်စွာ ပြန်လည်အသုံးပြုနိုင်ကြပါတယ်လို့ ၀မ်းသာစကားလေးကိုလဲ မှာလိုက်ချင်ပါတယ်။ ကိုယ်နဲ့ပက်သက်တဲ့သူတွေ ကွန်ပျူတာလောကထဲကိုဝင်ချင်တဲ့သူရှိရင် ပြန်လည်မျှဝေရင်း ပညာဒါနပြန်လည်ပြုလို့ ရတာပေါ့..... :-)

ကျွန်ုပ် အထူးမှာလိုတာကတော့ သင်ခန်းစာတိုင်း သင်ခန်းစာတိုင်းမှာ စာကိုပဲသက်သက်ရှင်းပြထားတာမဟုတ်ပါဘူး။ အတတ်လဲသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့ ဆိုသည့် ဘုရားပေးသည့်တာဝန်အတိုင်း ဘ၀အတွေ့အကြုံတွေပညာယူစရာတွေ ကိုပါ ပြောကြားရင်းဖြင့် သင်ကြားထားတာဖြစ်ပါတယ်။ ဒါ့ကြောင့် တချို့နားထောင်ရင်း ပျင်းမသွားဖို့ မျှော်လင့်ပါတယ်။

သင်ရိုး PDF File ကိုဒီမှာဒေါင်းပါ...

အသံ File တွေကို အောက်ပါလင့်များမှာဒေါင်းပါ...

1 comment:

  1. တင်ပေးပါအုံးဆရာ
    လေးစားပါတယ်

    ReplyDelete